Sunday, September 21, 2008

မျှော်လင့်နေမယ်

မျှော်လင့်လို့ပေါ့

နှလုံးသားရဲ့ ဒဏ်ရာကို ကုသဖို့
အချိန်ဆိုတဲ့ မေ့ဆေးတွေကို သုံးရင်းနဲ့
မင်းလေး ကိုယ့်ကို ကျန်ရစ်ထားခဲ့ပြီးပေါ့ ချစ်သူ

ရာသီတွေပြောင်းလဲသွားပေ့မယ်
ကုန်ဆုံးရက်တွေနဲ့ အချိန်ဆိုတဲ့ မေ့ဆေးတွေလည်း
ကိုယ့်အတွက် မသုံးမ၀င်ခဲ့ပါဘူး

ဟိုတစ်ချိန်က နေ့ရက်တွေကို
မျှော်မှန်းလို့ တမ်းတမိရင် မင်းပုံရိပ် များက
နေရာတိုင်းမှာ စိုးမိုးနေလေရဲ့ ချစ်သူ

တနေ့ မှာ

အပြုံးကိုယ်စီနဲ့ နှုတ်ဆက်ခဲ့ကြတဲ့
အမုန်းမရှိတဲ့ ကိုယ့်တို့နှစ်ယောက်
ပြန်ဆုံမယ့်ရက်ကို မျှော်လင့်လို့

ဖြေသိမ့်ခွင့်

နှုတ်ဆက်ကာ ခွဲခွာရပြီးလေ
လှည့်ထွက်ကျောခိုင်းသွားပေမယ့်
ရင်ထဲက ကြေကွဲမှုတွေက
တိတ်ဆိတ်တဲ့ ညတွေအလယ်မှာ
အရိပ်ပမာပေါ့ ချစ်သူ ---

တနေ့သောတစ်ရက်မှာ
ချစ်ကံမကုန်လို့ ပြန်ဆုံခဲ့ကြရင်ဆိုတဲ့
အတွေးထက် ကိုယ့်အတွက ဖြေသိမ့်စရာ
ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူးလေ---

လွမ်းဆွေးလိုက ၀မ်းနည်းခဲ့ရတဲ့
ကိုယ့်ရဲ့ အထီးကျန်ညစဉ်တွေကို
ဖြေသိမ့်ခွင့်လေးတစ်ခုက
မင်းလေး ပြန်ရောက်လာမယ့်
မနက်ဖြန်ဆိုတဲ့ နေ့တနေ့ပေါ့ ချစ်သူ xxx

Friday, September 19, 2008

---ပေးဆပ်ခြင်းဖြင့်သာ ---



------ ပေးဆပ်ခြင်းဖြင့်သာ ------

ဝေးနေပေမယ့်
သတိရခြင်းရဲ့စိတ်အစဉ်တွေ
မကြာခဏ စိုးမိုးနေရဲ့
အဝေးက ချစ်သူလေးရယ်

သတိရတယ်ဆိုယုံလေးပဲ
နှစ်သိမ့်မှုပေးတတ်တဲ့
ဖုန်းထဲက သူ့စကားသံ
သိပ်ချစ်တယ်ဆိုတဲ့
နှလုံးသားပဲ့တင်သံလေးကို
မကြားရတာ အတော်ကြာခဲ့ပြီး ချစ်သူရယ်

အပေါ်ယံအချစ်
ဟန်ဆောင်မှုကာရံများနဲ့
လှည့်စားမယ်ဆိုရင်လည်း
မင်းလေးကျေနပ်တဲ့အထိ ပေးဆပ်ဖို့
နောင်တများလည်း မထားချင်ဘူးကွယ် -