Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, February 28, 2009

အဝေးရောက်ချစ်သူ

သစ်ရွက်တွေလည်း ကြွေချိန်ကြွေလို့
ဝေချိန်တွေလည်း လွန်ခဲ့ပြီးပေါ့နော်
နှောင်းခဲ့တဲ့ကာလတွေမှာ မင်းနဲ့ကိုယ်
အတူရှိနေခဲ့တဲ့ ကာလတိုလေးကို
အခုတော့ အတိတ်လို့ခေါ်မယ်ပေါ့နော်
ဒါပေမယ့် ကိုယ်ကတော့ အတိတ်ကာလတစ်ခုကို
စိန်ခေါ်ပြီး လက်ရှိကာလတွေမှာ အထီးကျန်ဆန်စွာနဲ့
ကြွေလည်းမကြွေ ဝေလည်းမဝေနိုင်ခဲ့ပါဘူး။
လတပေါင်းက ထပ်လောင်းလို့ကူညီခဲ့ပြီးမို့
ဝေးနေတဲ့ချစ်သူအတွက် နွေဥသြကလည်း
အလွမ်းတေးတစ်ပုဒ်နဲ့ ဆော်သြနေချိန်မှာ
မင်းလေး ဟိုးအဝေးတစ်နေရာမှာ ဘယ်လို့
ဘယ်လောက် ခံစားရမလဲဆိုတာ
နွေရာသီရဲ့ အရိပ်အငွေ့များက
ကိုယ်ချင်စာနာစွာနဲ့ မင်းရဲ့ ပုံရိပ်များကို
ကိုယ့်အတွေး၊အိပ်မက်တွေထဲထိကို
ပို့ဆောင်နေလေသလား
အဝေးရောက်ချစ်သူနှင့် လွမ်းမောဖွယ်
ဒီနွေရာသီရယ်