ဟိုးဝေးဝေးက လမင်းကို ငေးမောနေတတ်သူတစ်ဦးပေါ့
ကိုယ့်ဘက်ကသာ ငေးမောနေမိတာ
လမင်းကတော့ ပုံမှန်အတိုင်းပဲ
သာမယ့်အချိန်ဆိုသာနေတာပဲ
မှောင်ရမယ့်နေ့ရက်ဆိုရင်လည်း
ဘယ်သူမှ မတွေ့အောင် ပုန်းနေတတ်ပြီး
ငါကတော့ အရူးတစ်ယောက်လိုပဲ
လမင်းလေးကို ငေးကြည်ရင်းနဲ့ပဲ
ပျော်ရွှင်အောင်နေတတ်ပါပြီ
ချစ်တဲ့စိတ်တစ်ခုကို ပုံမှန်အတိုင်းဖြစ်ဖို့
ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်ခဲ့ကြတာလည်း
ငါကရော ဘယ်လိုပုံစံမျိုးနဲ့ ချစ်ခြင်းမေတ္တာကို
အဓိပ္ပါယ်ဖွင့်ဆိုမလဲ
မင်းလေးရဲ့ ချစ်ခြင်းမေတ္တာကို ခဏတာ
ရရှိခဲ့တဲ့ နေ့ရက်တွေအတွက် ကိုယ့်ဘက်က
ကြည်းနူးမိတာတော့ အမှန်ပါပဲ
မင်းလေးနဲ့ပါတ်သက်ပြီး
ရင်ခုန်ခဲ့တယ်။ ပျော်ရွှင်ခဲ့တယ်။
ကြည်းနူးမှုခံစားချက်တွေနဲ့
နေ့ရက်အတောများများကို
ကိုယ်ဖြတ်သန်းခဲ့ရတယ်။
ဘယ်သူနဲ့မှ ဘယ်လိုပုံစံမျိုးကို
ဖြတ်သန်းခဲ့ခြင်းမရှိခဲ့တဲ့ ရိုင်းသော ခံစားချက်
တစ်ချို့တစ်ဝက်က မင်းလေးကြောင့်
ခံစားရတယ်။ ခံစားမှုအရသာမျိုးစုံကို
မင်းရဲ့ချစ်ခြင်းတွေက ခံစားစေခဲ့တာလား
မိန်းကလေးရယ်----
ခံစားရလွန်လို့ ရင်ခုန်သံလေးများကတောင်
မောလွန်လို့ ခဏ နားခွင့်တောင်းနေပြီးကလေးရေ
မင်းလေးကို မြင်တွေ့နေရလို့ ပျော်ရွှင်ရတယ်
မင်းလေးပျော်ရွှင်နေတာကို တွေ့ရရင် ကိုယ်လည်းပျော်တယ်။
မင်းလေးကို ထာဝရပျော်ရွှင်စေချင်တယ်။
မင်းလေး အရမ်းချစ်တဲ့ သူတစ်ယောက်ကို
မင်းလေးကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်တော့
ဒီကမ္ဘာပေါ်မှာရှိနိုင်ပါဦးမယ်
မင်းလေးတစ်နေ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့
မင်းလေး အရမ်းချစ်တဲ့ သူတစ်ယောက်နဲ့
ထာဝရ ပျော်ရွှင်စွာနေနိုင်ပါစေလို့လည်း
ဆုတောင်းပေးမိပါတယ်။
မင်းက ဆုတောင်းကောင်းခဲ့တာပဲ
မျက်နှာမြင်ချစ်ခင်စေဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
မင်းလေးကို ထာဝရချစ်သွားဖို့ ကိုယ်ကြိုးစားခဲ့ပေ့မယ်
ထင်သလို မဖြစ်လာခဲ့တော့ ကိုယ်အချစ်တွေက
စွန့်လွတ်ခြင်းများပေါ့
မင်းလေးအချစ်ကို ခဏတာရရှိခဲ့လို့
မင်းရဲ့ ချစ်ခြင်းကို ခဏတာခံစားပျော်ရွှင်ခဲ့ရလို့လည်း
ကိုယ်ကျေနပ်ပါရဲ့လေ
ကိုယ်အချစ်က ကောက်ရိုးမီးများပမာပေါ့
ဒါပေမယ့် ကိုယ့်ကျေနပ်ပါတယ် နှင်းစက်ကလေးရေ။
စိုးလေး ( 22.5.2009)
Las Vegas’ Mirage Hotel And Casino Closing
-
After 34 years, the iconic Mirage Hotel and Casino on the Las Vegas strip
will close its doors after it was bought by Hard Rock Las Vegas, which will
com...
9 hours ago