Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 6, 2008

အလွမ်း+


အလွမ်း+

တိုက်ဆိုင်မှုတွေ
ကြုံတွေတိုင်းမှာ
သတိရတယ် - -
တိတ်ဆိတ်မှုက
ကြေကွဲမှုရဲ့
မိတ်ဆွေကောင်းလို့
အရိပ်ပမာပေါ့

တိတ်ဆိတ်မှုနဲ့
ကြေကွဲချိန်တွေမှာ
အက်တက်တက်နဲ့
နှလုံးသားမှာတော့
ဒဏ်ရာဆိုရာ
မမြင်ရက်စရာပေါ့

အတိတ်တစ်ခု
မပြီးဆုံခင်
နှုတ်ဆက်ခဲ့ရတဲ့
ကိုယ့်ရဲ့နှလုံးသားမှာ
အစားထိုးဖိုဆိုတဲ့
ချစ်ခြင်းခံစားမှုဟာ
နောက်တစ်ချိန်ထိ
ရှိနိုင်ပါဦးမလား
ကြင်နာသူလေးရယ် +++++