Saturday, December 27, 2008

အဝေးကချစ်သူသို့



ဒီဇင်ဘာရဲ့ ဆောင်းလေပြေလေးတွေက
အရမ်းကို အေးစိမ့်နေပေ့မယ်
မင်းလေးရဲ့ အပြုံးလေးများလို
ကိုယ့်ကို မအေးမြစေခဲ့တာအမှန်ပါ.....
ချစ်သူရေ....
မြောက်ပြန်လေပြေလေညင်းလေးများက
အေးမြခြင်းဆိုတဲ့သဘောကို ဆောင်ယူခဲ့ကြပေ့မယ်
မင်းလေးရဲ့ စာနာမှုအပြည့် မျက်ဝန်းလေးများလို
ကိုယ့်ရဲ့ ရင်ခွင်ကို နားလည်မှုမပေးနိုင်ခဲ့တာ ကြာခဲ့ပေါ့
ချစ်သူရေ ...
ဆောင်းရာသီရဲ့လပြည့်ညများဟာ
သာမန်ဆောင်းညများထက် ပိုအေးစေသလို
မင်းလေးကိုချစ်တဲ့ ချစ်ခြင်းမေတ္တာများဟာ
အရင်ကထက်ပိုပြီး ကြီးထွားနေတယ်ဆိုတာ
အဝေးရောက်ချစ်သူလေးရေ ...

No comments: